PayPal ဆိုင်ရာများ
အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။ တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
Personal ကိုရွှေးပြီးကလစ်ပါ ။ Email address ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့ စာလုံးအကြီးတစ်လုံးပါပါစေ။
ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။
ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ အဆင်ပြေပါပြီ။ Security questions ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ Security questions မသိရင် ၀င်မရပါဘူး။
ဒါဆိုရင်တော့ အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။ မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard တို့ Master card တို့လိုပါတယ်. VisaCard တို့ Master card တို့ကိုမြန်မာနိုင်ငံက ဘဏ်တော်တော်များများမှာလဲ စုံစမ်း ပြုလုပ်နိုင်ပါပြီ.။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။
PayPal အကောက် Verify လုပ်နည်း
PayPal အကောက်ကို Verify ဖြစ်အောင် လုပ်မယ် ဆိုရင် အပေါ်မှာ ကျွန်တော်ပြောခဲ့သလို VisaCard တို့ Master card တို့ လိုအပ်ပါတယ် ကျွန်တော်က အခု ထိုင်းမှာ နေတဲ့ အတွက် ထိုင်းနိုင်ငံက ကဒ်တွေကို အခြေခံပြီး ပြောပြပေးသွားပါမယ်.. ကျွန်တော်ကတော့ ထိုင်းဘဏ် တစ်ခုဖြစ်တဲ့ K-Bank မှာ VISA card တစ်ခု ကျွန်တော့် နာမည်နဲ့ လုပ်လိုက်ပါတယ် ..။ ရိုးရိုးက ဘတ် ၃၀၀ အာမခံနဲ့က ဘတ် ၈၀၀ ဖြစ်ပါတယ်..။ ဒါပေမဲ့ ကဒ်လုပ်ပြီးတာနဲ့ တစ်ခါတည်း အင်တာနက်မှာ သုံးလို့ မရသေးပါဘူး .. အင်တာနက်မှာ သုံးလို့ ရဖို့အတွက် Bank service ထဲဝင်ပြီးတော့ internet shopping ပြန်လုပ်ရပါတယ် ..။ နိုင်ငံကြီး တော်တော် များများမှာတော့ ပြန်လုပ်စရာ မလိုပါဘူး ။ ထိုင်းနိုင်ငံမှာတော့ ပြန်လုပ်ရပါတယ်..။
ATM Card ကို Internet shopping လုပ်နည်း
VISA Card ရလာပြီး ဆိုတာနဲ့ အရင်ဦးဆုံး မိမိပြုလုပ်ခဲ့တဲ့ ဘဏ်ရဲ့ ATM ပုံးကို သွားလိုက်ပါ ..။
လမ်းဘေးတော်တော်များများမှာ ရှိပါတယ်.. ။ ကဒ်လုပ်ပေးတဲ့ ဘဏ်ရုံး အရှေ့မှာလဲ ရှိပါတယ်..။ ရောက်ရှိသွားပြီ ဆိုရင်တော့ မိမိရဲ့ VISA card ကို ATM ပုံးထဲ ထည့်လိုက်ပါ..။
ပြီးရင် မိမိတို့ရဲ့ password ကို နှိပ်ပြီး ဝင်လိုက်ပါ..။ ကျွန်တော်ကတော့ ထိုင်းစာ မတက်တဲ့ အတွက် English စာကိုဘဲ ရွေးပြီး နှိပ်လိုက်ပါတယ်..။ ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း နှိပ်လိုက်ပါ .။ Bank တစ်ခုနဲ့ တစ်ခု မတူတဲ့ အတွက် စာတန်း နည်းနည်း လွဲချင် လွဲမှာပါ.. ။ ကိုယ်ဖာသာကိုယ် နည်းနည်း ပြင်ဖတ်ပေးပါခင်ဗျာ..။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း internet shopping by K-Debit card ကို ဆက်နှိပ်ပါ..။
internet shopping ကို နှိပ်ပြီးပါက အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Mobil Phone No ကို နှိပ်ပါ..။
ကိုယ့်ရဲ့ Phone No ကို ထည့်ပြီးပါက Submit Mobile No ကို နှိပ်လိုက်ပါ
ပြီးသွားရင် စာရွက် တစ်ရွက်ထွက်လာပါမယ် .. အဲ့ဒီ စာရွက်မှာ ဂဏန်းလေးလုံး ပါရှိပါတယ် မှတ်ထားလိုက်ပါ..။ စောစောက ထည့်ခဲ့တဲ့ Phone No ကိုလဲ စာအိပ် တစ်လုံး Bank ကနေပြီးတော့ ပို့ပေးပါမယ်..။ စာရွက်ထဲကလိုဘဲ ဂဏန်းလေးလုံးပါပါတယ်..။
ဒါဆို ကျွန်တော်တို့ရဲ့ ကဒ်က အင်တာနက်မှာ သုံးလို့ ရပါပြီ..။
PayPal အကောက် Verify လုပ်နည်း
ဒီနေရာမှာ ကျွန်တော် အကြံပေးချင်တာက Verify လုပ်မဲ့ အကောက်နာမည်က မိမိတို့ ဘဏ်အကောက်မှာ သုံးထားတဲ့ နာမည်နဲ့ တူရင် ပိုကောင်းပါတယ်..။ ဒါဆိုရင် ဘာပြဿနာမှ မတက်တော့ပါဘူး ။ နာမည်မတူပါက တစ်ခါတလေ ပြဿနာ အနည်းငယ် ရှိတတ်ပါတယ် ..။
ကဲ.. အကောက် Login ဝင်လိုက်ပါဦးခင်ဗျာ..။အကောက်ထဲ ရောက်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ညာဘက်ဘေးနားက Link debit/credit card ဆိုတာကို နှိပ်လိုက်ပါ..။
အောက်ကပုံအတိုင်းပေါ်လာပါမယ်..။
သင်အသုံးပြုတဲ့ အကောက်နာမည်ကို ရွေးချယ်လိုက်ပါ။ ကျွန်တော်ကတော့ VISA ကဒ်သုံးတယ်..။ ရွေးလိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါမယ်..။
Card Number , Expiry Date,Card Security Code. စသည်တို့ကို ဖြည့်ပေးရပါမယ်..။
နေရာမှာ အောက်ကပုံအတိုင်း ကဒ်က နံပါတ်ကို ကြည့်ပြီး ရေးလိုက်ပါ..။
Expiry Date ကိုလဲ အောက်ကပုံမှာ ပြထားတဲ့အတိုင်းဘဲ ကြည့်ပြီး ရေးလိုက်ပါ..။
Card Security Code ကိုတော့ ကဒ်ရဲ့ အနောက်ဘက်မှာ ကြည်နိုင်ပါတယ်.။ အောက်က ပုံကအတိုင်းပေါ့
အားလုံးပြီးရင် Link Card ကို နှိပ်လိုက်ပါ.
အဲ့ဒီ ပုံအတိုင်းပေါ်လာပါမယ် ..။ အနီတန်းနဲ့ ဖြတ်ထားတာက ကျွန်တော့် No ဖြစ်နေလို့ပါ ..။ Confirm My Card ကို နှိပ်လိုက်ပါ..။
Continue ကို ဆက်နှိပ်လိုက်ပါ..။
အဲ့ဒီ ပုံအတိုင်း ပေါ်လာပါမယ်..။ ကျွန်တော်တို့ စောစောက ATM ပုံမှာ ထည့်ခဲ့တဲ့ Phone No ထဲကို Bank ကနေပြီးတော့ စာအိပ်တစ်လုံး ပို့လာပါမယ်..။ PayPal ကနေပြီးတော့ ဝန်ဆောင်ခ ထိုင်း ဘတ် 32.36 နုတ်သားပြီ ဆိုတဲ့ အကြောင်း ပါ..
အဲ့ဒီ ပုံအတိုင်းပါဘဲ..။ ပြီးရင် အောက်မှာ ရှိတဲ့ Go to my profile ကို ဆက်နှိပ်လိုက်ပါ
Enter PayPal Code ကို နှိပ်လိုက်ပါက Phone ထဲကို Bank ကနေပြီးတော့ စာအိပ် နောက်တစ်လုံး ထပ်ပို့ ပါမယ်..။
ဘတ် 70 ထပ်နုတ်ပါတယ်..။ ပြီးတာနဲ့ ချက်ချင်း အဲ့ဒီ ဘတ် 70 ကို PayPal အကောက်ထဲသို့ ပြန်ထည့်ပေးပါတယ်
နောက်ပြီးတော့ Code ပါ ပို့ပေးထားပါတယ်
PP*0000 CODE ဥပမာ အဲ့လိုပေါ့ အောက်က PP* No လေးလုံးကို မှတ်ထားပါ..။
Enter PayPal Code ကို နှိပ်လိုက်ပါက အပေါ်က ပုံအတိုင်း ပေါ်လာပါမယ် ..။ စောစောက ဖုန်းထဲကို ပို့လာတဲ့ PP* ဘေးက No လေးလုံးကို ထည့်လိုက်ပါ..။ ပြီးရင် Confirn Card ဆက်နှိပ်ပါ..။
အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ... ။ :D လက်ခုပ်တီးကြပါ ခင်ဗျာ..။ :D
Close ကို နှိပ်လိုက်ပါ..။
:D ဒီလောက်ဆို လုံလောက်ပြီလို့ ထင်ပါတယ် ...
ကဲ PayPal အကောက်ရပြီ ဆိုရင် အင်တာနက်မှာ ငွေ ရှာနည်းဆက်ပြောမယ်နော်
Paypal account ဖွင့်နည်း
ကျွန်တော်တို့ Myanmar နိုင်ငံ ကနေ Paypal Account ဖွင့်မယ်ဆိုရင် Proxy ကျော်မှ ဖွင့် လို့ရပါတယ်။Proxy ကျော်ဖို့ အတွက် Your Freedom software ကို သုံးပါမယ်။
Your Freedom software ကို ဖို့ အတွက် yourfreedom.net မှာ အရင် Register လုပ်ရပါမယ်။
1) ဒီLink ကိုနှိပ်ပါ။
2) click here to register ကို နှိပ်ပါ။
3) မျှား ပြထားတာ အကုန် ဖြည့် လိုက်ပါ။
5) click the link
6) click the link
7) click the activate account button8) Login ၀င်လိုက်ပါ
Download ကိုနှိပ်ပါ
Latest version ကိုနှိပ်ပါ
Download လုပ်ပါ။
9) download ပြီးသွားရင် စက်ထဲမှာ install လုပ်ပါ။
Myanmar version ပါ။ Language မှာ Myanmar လို့ ထားလိုက်ပါ။
Your freedom အသုံးပြုပုံ သိချင်ရင် အောက်က link ကို နှိပ် လိုက်ပါ။
Link
10) firefox မှာဆိုရင် Option > Network > Setting ပြီရင် ပုံမှာပြတဲ့ အတိုင်း ထားပြီး Ok နှိပ်လိုက်ပါ။
12) Paypal account ဖွင့် လိုရပါ ပြီ။ Link ကိုနှိပ်လိုက်ပါ။
13) Signup ကို နှိပ်လိုက် ပါ။
country နေရာမှာ ကြိုက် တာထားပါ။ get started ကို နှိပ်ပါ။
14) ဒီ အဆင့် က အရေးကြီးပါတယ်။ user name, email, တို့ က ကြိုက်တာဖြည့်လို့ရပေမယ့် Address , state ,postal code etc ...... မှားလို့ မရပါဘူး။ မှားလျှင် paypalက account ကို limited လုပ်လိုက်ပါလိမ့်မယ်။ အဲ လိုမဖြစ်အောင် ကျွန်တော် ပြောတဲ့အတိုင်း တိတိ ကျကျ လုပ်ပေးပါ။
ကဲဒီ link ကိုတစ်ချက် နှိပ်ပေးပါ။
Paypal မှာရွေး ထားတဲ့ country ကိုရွေး ပြီးတော့ generate လုပ်လိုက်ပါ။
ဒါမျိုးတွေရ ပါလိမ့် မယ်။
Copy ကူး ပြီး paypal registaration ဖြည့် လိုက်ပါ ။Ph no က အစ သူ့ ဟာ ပဲထည့်ပါ။
ဒီ အဆင့် ရောက် ရင် credit care ရှိရင်ဖြည့်လိုက်ပါ ။ မရှိရင် go to my account ကို နှိပ်လိုက်ပါ။
Finished Your Paypal Registeration
မှတ်ချက် paypal သုံးတိုင်း yourfreedom သုံးပါ။
မရရင် aungkyawzaw.makemoney@gmail.com ကို ဆက်သွယ် ပါ
24 နာရီ အတွင်းဖြေပေးမယ်။
paypal account ပိုက်ဆံ ထုတ်ချင် ၊ ထည့်ချင် ရင်
www.shwemoney.com ဆိုတာရှိတယ်။ph 01-510554
PayPal Account ကနေ ငွေ သွင်း/ထုတ်/လွှဲ နည်း
ကဲ......ငွေတော့ရောက်လာပြီ အဲဒီငွေကို မြန်မာငွေ ဖြစ်အောင် ဘယ်လိုပြန်ပြောင်းမလဲဆိုတဲ့ အဆင့်ကို ရှင်းပါတော့မယ်... ကျွန်တော်တို့ မြန်မာနိုင်ငံမှာ MyanPay ဆိုတာရှိပါတယ်
www.myanpay.com.mm ဖြစ်ပါတယ်.. အခု PayPal ကနေ မြန်မာငွေပြောင်းဖို့ MyanPay ကိုလွှဲရမှာဖြစ်ပါတယ်... ဒီအတိုင်းတော့ တိုက်ရိုက်လွှဲလို့မရပါဘူး.. ကြားခံငွေလွှဲ
ပေးတဲ့ ၀န်ဆောင်မှုကနေတစ်ဆင့် MyanPay ကိုလွှဲရတာဖြစ်ပါတယ်.. ဥပမာ ကျွန်တော်ကို ကြားခံဝန်ဆောင်မှု လို့သတ်မှတ်လိုက်ပါ..ကျနော်က မိတ်ဆွေတို့ လွှဲလိုက်တဲ့ USD Dollar အတိုင်းကာလပေါက်ဈေးကိုတွက်ချက်ယူပြီး MyanPay ထဲကိုထည့်ပေးမှာဖြစ်ပါတယ်...အဲဒီ MyanPay ကနေတစ်ဆင့် မိတ်ဆွေတို့နဲ့ နီးစပ်တဲ့ ဘဏ်ကနေတစ်ဆင့်ထုတ်
ယူနိုင်ကြမှာပါ.. ဘဏ်မှာ Account ( ဘဏ်စာအုပ်) တော့ဖွင့်ထားဖို့လိုပါ့မယ်.. ဘဏ်စာအုပ်ကလဲ မများပါဘူး တစ်အုပ်မှ တစ်ထောင်လောက်ပဲရှိတာပါ..ဒါဆိုရင် သက်ဆိုင်ရာ ဘဏ်
ရဲ့ ဘဏ်စာအုပ်နဲ့ဘဏ် Account ကိုရပါပြီ.. ကဲ.. နားလည်အောင်ရှင်းပြလိုက်ပါ့မယ်..ငွေထုတ်ပုံအဆင့်ဆင့်ကတော့
PayPal >> ကြားခံဝန်ဆောင်မှု >> MyanPay >> Myanmar Bank အဲလိုအဆင့်ဆင့် ငွေထုတ်ယူသွားရတာပါ...... ကဲ.. MyanPay ကိုအသာထားဦး လောလောဆယ် PayPal နဲ့ ကြားခံဝန်ဆောင်သူရဲ့ ဆက်သွယ်မှုကိုရှင်းပါ့မယ်.. ဘယ်လိုဆက်သွယ်မှုလဲဆိုရင် ငွေထုတ်လိုတဲ့ PayPal Account ပိုင်ရှင်ကနေ ကြားခံဝန်ဆောင်မှုပေးမယ့် PayPal
Account ပိုင်ရှင်ဆီသို့ အရင် ငွေလွှဲရပါ့မယ်... ဒီလိုလွှဲနိုင်ဖို့အတွက် Send Money ( or ) Send Funds ကိုနှိပ်လိုက်ပါ.... အောက်ပုံမှာကြည့်ပါ။

To ( Email ) ဆိုတဲ့နေရာမယ် ကြားခံဝန်ဆောင်မှု ပေးသူရဲ့ လိပ်စာကိုထည့်ရပါမယ်... Amount နေရာမှာတော့ မိမိငွေလွှဲပြောင်းလိုတဲ့ ငွေပမာဏကိုထည့်ရပါ့မယ်.. အခု
တစ်ဒေါ်လာလွှဲမှာဖြစ်တဲ့အတွက် 1 လို့ဘဲ ထည့်ထားလိုက်ပါတယ်.. 10$ လွှဲချင်ရင်တော့ 10 လို့ထည့်ပါ... ပြီးတာနဲ့ ညာဘက်အခြမ်းမှာတော့ USD-U.S.Dollars ကို
ရွေးပေးရမှာဖြစ်ပြီး.... အောက်မှာတော့ I'm sending money to family or friends ဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်... ပြီးတာနဲ့ Continue ပေါ့...

Payment To အောက်က လိပ်စာကတော့ ကြားခံဝန်ဆောင်မှုပေးသူရဲ့ လိပ်စာဖြစ်ပါတယ်..ဘေးနားကဟာတွေကတော့.. ဒီအတိုင်း Information တွေဘဲဖြစ်ပါတယ်.. အိုကေ
Send Payment သာနှိပ်လိုက်တော့..
Send Payment သာနှိပ်လိုက်တော့..
ကဲ... Kyaw Kyaw Naing ဆိုတဲ့ လူက ကြားခံဝန်ဆောင်မှုပေးသူဖြစ်တဲ့ Nwe Nwe ဆိုတဲ့ သူဆီကိုငွေပေးပို့ခြင်းပြီးဆုံးပါပြီ... ဒီလိုဆိုရင် ကြားခံဝန်ဆောင်သူက မြန်မာငွေအဖြစ်
ပြောင်းလဲပြီး ပေးပို့သူရဲ့ MyanPay Account ထဲကိုထည့်ပေးလိုက်တာနဲ့ Kyaw Kyaw Naing ဟာ သူ့ရဲ့ MyanPay Account ကနေတစ်ဆင့် သက်ဆိုင်ရာ မြန်မာဘဏ်သို့
ငွေလွှဲကာ မြန်မာငွေအဖြစ်ထုတ်ယူလို့ရပြီဖြစ်ပါတယ်ဗျာ..ဖူးးး.မောထှာ..အဆင်ပြေကြပါစေခင်ဗျားးးး :D
ဒီတော့ ဘာတွေလိုအပ်သလဲဆိုရင် ငွေထုတ်ယူလိုသူသည်
(1) PayPal ( Verified ) Account ရှိရပါ့မယ်။
(2) MyanPay Account ရှိရပါ့မယ်။ ( MyanPay Account လျှောက်တာလွယ်လွယ်လေးပါ ပိုက်ဆံတစ်ထောင်ကျပ် ဒါမှမဟုတ် မှတ်ပုံတင် ကာလာScan ဖတ်ထားတာတစ်ခုလိုအပ်ပါမယ် ) MyanPay Account သုံးနည်းကို ဒီမှာကြည့်ပါ။
(3) နီးစပ်ရာ Bank တစ်ခုခုကနေ ဘဏ်စာအုပ်နဲ့ဘဏ်Account ရှိရပါမယ်.. တစ်ထောင်ကျပ်လောက်သာကုန်ကျပါတယ်..
ဒါတွေသာပြည့်စုံပြီဆိုရင်တော့ အင်တာနက်ပေါ်ကရသမျှငွေတွေကို ကြိုက်သလိုထုတ်ယူလို့ရပြီဖြစ်ပါတယ်..။
ကြားခံဝန်ဆောင်မှုစနစ်ကို မကြာခင်စတင်သွားမှာဖြစ်ပါတယ်... ဒီ Website မှာဘဲ သတင်းထုတ်ပြန်သွားမှာဖြစ်ပါတယ်..အားလုံးကိုကျေးဇူးတင်ရှိပါသည်။

credit red sky

Comments
Post a Comment